Wednesday, 7 April 2010



" 'Chance' ပေးပေါ့ "
ဣနြေ္ဒတစ်သန်း ခြေတစ်လှမ်းနှင့်
မာနရွှေပန်း အလှမာန်ကို
ဓါးသိုလှောင် ရင်ကိုနမ်း
တသိမ့်သိမ့်တုန်အောင်
ရင်နာစမ်းစေတဲ့
မွဲအသူ ဒီလူတစ်ယောက်ကိုမှ
ရက်စက်သံစဉ် ဒီရင်ကိုခြမ်းလေတော့
ဘဝကံ ဘယ်အကြွေးတွေပေါ့
မသိနိုင် နင်မေ့ခဲ့ပေမယ့်
တည်နေရာ 'base' ပြောင်းသော်က
မပြောင်းတာ ဒီရင်ထဲ
အချစ်ပဲ ။ ။
မင့်မေတ္တာ ငါ့အတွက်မဟုတ်တော့ပေမယ့်
ငါ့ဘဝကို စာနာပေးမခင်ရဲ့
သင့်လိုအင် အကုန်မဖြည့်နိုင်ပေမယ့်
ကောင်မလေးရယ်
နည်းနည်းတော့ 'chance' ပေးပေါ့။ ။

ခေတ္တာလှိုင်း
8th April 2010

ခု ခေတ်အဒေါ်လေး တွေ အတွေက်ပါ ဟီး...........

"ဥပုတ်စောင့် သွား တရားနာသော်"
ဇာတ်ရုံကပွဲ မဲမဲမှောင်မှောင်
သူ့ထက်ငါသွား ရှေ့နားရောက်အောင်
မကြောက်မရှက် မျက်ခွက်ကြောင်တောင်
သန်းခေါင်ချဉ်း အလင်းမငိုက်ပေါင် ။ ။

ဥပုတ်စောင့်သွား တရားနာသော်
ဘိတ်ဆုံးနောက်နား ထောင့်ကြားကမျှော်
မျက်တောင်စင်းလို့ မှောက်ရင်းအိပ်ပျော်
တရားဆုံး တုံးလုံး စက်တော်ခေါ် ။ ။

တရားဆုံးလို့ ဘုန်းကြီးကြွပြန်
တခန်းထလို့ အတင်းဆူညံ
စကားပြောလို့ သောသောဆူသံ
ဒီဥပုပ်စိတ်ရှုပ်တာတေလံ ။ ။