Wednesday, 7 April 2010

ခု ခေတ်အဒေါ်လေး တွေ အတွေက်ပါ ဟီး...........

"ဥပုတ်စောင့် သွား တရားနာသော်"
ဇာတ်ရုံကပွဲ မဲမဲမှောင်မှောင်
သူ့ထက်ငါသွား ရှေ့နားရောက်အောင်
မကြောက်မရှက် မျက်ခွက်ကြောင်တောင်
သန်းခေါင်ချဉ်း အလင်းမငိုက်ပေါင် ။ ။

ဥပုတ်စောင့်သွား တရားနာသော်
ဘိတ်ဆုံးနောက်နား ထောင့်ကြားကမျှော်
မျက်တောင်စင်းလို့ မှောက်ရင်းအိပ်ပျော်
တရားဆုံး တုံးလုံး စက်တော်ခေါ် ။ ။

တရားဆုံးလို့ ဘုန်းကြီးကြွပြန်
တခန်းထလို့ အတင်းဆူညံ
စကားပြောလို့ သောသောဆူသံ
ဒီဥပုပ်စိတ်ရှုပ်တာတေလံ ။ ။

No comments:

Post a Comment